Friday, July 19, 2013

MEC ငွေဖြည့်ကတ် ဖြည့်သွင်းမရ ခြင်း နှင့် တွေ့ကြုံ

Post oleh : Min Thu Ra | Rilis : 2:17 AM | Series :
၁၅၀၀ ကျပ်တန် ဖုန်းလိုင်း အတွက် ငွေဖြည့်သွင်း ရာ၌ မိုဘိုင်းဖုန်း အတွင်းသို့ သတ်မှတ်ငွေ မဝင်ရောက်ခြင်း နှင့် ကြုံ့တွေ့ခဲ့ရသည် ဟု ငွေဖြည့်ကတ် ရောင်းချသူ အမျိုးသမီး တစ်ဦးကဆိုသည်။ “သေသေ ချာချာရိုက်ပြီး ထည့်တာပဲ။ မရဘူး။ နောက်ဆုံး နောက်တစ်ကတ်ကို ရိုက်ထည့်လိုက်မှ ရသွားတယ်။ ၅ ထောင်တန်ကတ်ပါ။
ဝယ်သူနဲ့ တစ်ယောက်တစ်ဝက် မျှခံလိုက်တယ်” ဟု ၎င်းက ပြောသည်။ MEC အနေဖြင့် အသုံးပြုသူများအတွက် မပြေလည်မှုများကို ပြန်လည်ဖြေရှင်းပေးမည့် ဖုန်းလိုင်းထားရှိသော်လည်း အသုံးပြုသူ အများစုမှာ ခေါ်ဆိုမရရှိခဲ့ကြောင်း ပြောကြားသည်။
MCE မိုဘိုင်းဖုန်းများကို ငွေဖြည့်သွင်းရာ၌ သတ်မှတ်ငွေကြေးများ မိုဘိုင်းဖုန်းအတွင်းသို့ မရောက်ရှိသည်များ ကြုံတွေ့လာရသည့်အတွက် ငွေဖြည့်ကတ်ရောင်းချသည့်အခါ ကိုယ်တိုင် ငွေဖြည့်သွင်းပေးခြင်းများ မပြုလုပ်တော့ကြောင်း လှည်းတန်း၌ လက်ကားစနစ် ငွေဖြည့်ကတ်များလာရောက် ဝယ်ယူသူတစ်ဦးက ပြောသည်။
“တစ်ခါတလေ ဖြစ်တတ်တယ်။ အဲဒီလိုဖြစ်ရင် ခဏခဏ အကြိမ်ပေါင်းများစွာသာ ရိုက်ထည့်လိုက်။ အဆင်ပြေသွားတာ များပါတယ်။ အဲဒီလိုလုပ်ရင် ၁၅ ခါလောက်ရိုက်လိုက်ရင် ရသွားတတ်တယ်” ဟု လှည်းတန်း၌ ငွေဖြည့်ကတ် လက်ကားရောင်းချသည့် မိုဘိုင်းဖုန်းဆိုင်မှ ဝန်ထမ်းက ပြောသည်။ GSM ဖုန်းများနှင့် CDMA (800, 450) ဖုန်းလိုင်းများတွင် ငွေဖြည့်ကတ် ကုတ်နံပါတ်များကို ၅ ကြိမ် မှားယွင်းရိုက်နှိပ်မိပါက ၂၄ နာရီ ငွေဖြည့်သွင်းခွင့် ပိတ်ပင်ခံရခြင်း၊ ၂၄ နာရီ လိုင်းအ၀င်အထွက် အပိတ်ပင်ခံရခြင်းများ ကြုံတွေ့ရသော်လည်း MEC \ CDMA မိုဘိုင်းဖုန်းလိုင်းများမှာ ငွေဖြည့်ကတ် ကုတ်နံပါတ်ကို ရိုက်နှိပ်သည့်အကြိမ်အရေအတွက် ကန့်သတ်မထားကြောင်း သိရသည်။
“ငွေမပါဘူးဆိုတာ မရှိပါဘူး။ စက်ရုံကထွက်တယ်ဆိုတာ စက္ကူပါပဲ။ ဆက်သွယ်ရေးက ဒါကို Generate လုပ်မှငွေဖြစ်တာပါ။ စက်ရဲ့ Error ကြောင့်ပဲ ဖြစ်ဖြစ်၊ အသုံးပြုသူ မှားယွင်းမှုကြောင့်ပဲဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ ဒါကကုမ္ပဏီနဲ့တော့ မဆိုင်ဘူး။ ကျွန်တော်တို့ Date ကျော်သွားရင်လည်းပေးတယ်။ ခဲခြစ်ရင်းနဲ့ ပြဲသွားတာမျိုးဆိုရင်လည်းပေးတယ်။ ကတ်ထဲမှာ ငွေမပါဘူး ဆိုတာက နားလည်မှုလွဲတာပါ” ဟု GSM နှင့် CDMA ဖုန်းလိုင်းများအတွက် ငွေဖြည့်ကတ်ရောင်းချနေသည့် Elite Tech ကုမ္ပဏီမှ ကိုအောင်က ပြောသည်။

Credit to internet journal

google+

linkedin