Wednesday, July 3, 2013

GSM နှင့် WCDMA ဖုန်းလိုင်း လေးသန်းတိုးချဲ့မည်ဟုသိရ

Post oleh : Min Thu Ra | Rilis : 7:16 AM | Series :

GSM နှင့် WCDMA ဖုန်းလိုင်း လေးသန်းတိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ လက်ရှိ CDMA 800MHz ဖုန်းများကိုချထားခဲ့ပြီး အဆိုပါဖုန်းများ ချထားပြီးပါက GSM နှင့် WCDMA ဖုန်းလိုင်းများကို ချထားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM နှင့် WCDMA ဖုန်းလိုင်းများ လိုင်းလေးသန်းတိုးချဲ့ရန် သတင်းစာများမှ တင်ဒါများ ခေါ်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အချို့မြို့ကြီးများတွင် လိုင်းများကြပ်ပြီး ခေါ်ဆိုရခက်ခဲနေသည့်အတွက် လိုင်းများတိုးချဲ့ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာန ပြန်ကြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးချက်များတွင် ဖော်ပြထားချက်အရသိရသည်။ လိုင်းတိုးချဲ့ခြင်းလုပ်ငန်းကို ထင်သာမြင်သာ ဖြစ်စေရန်အတွက် သတင်းစာများအတွက် တင်ဒါခေါ်ယူဆောင်ရွက်ရခြင်းဖြစ်သည်ဟု သိရသည်။ ယခုနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တယ်လီဖုန်းလိုင်း ဆယ်သန်းအထိ တိုးချဲ့တပ်ဆင်သွားရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိ ၁၅၀၀ တန် CDMA 800 MHz ဖုန်းများကို ရောင်းချပေးခဲ့ပြီး ယခုလကုန်ခန့်တွင် ထပ်မံရောင်းချသွားမည်ဖြစ်ကြောင်း၊ CDMA 800 MHz ဖုန်းအလုံးရေ သုံးသိန်းခွဲ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ အစိုးရသစ် စတင်တာဝန်ယူချိန်ကာလမှ မိုဘိုင်းတယ်လီဖုန်း လိုင်းလေးသန်း တိုးချဲ့တပ်ဆင်ရေး စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုချထားပေးခဲ့သည့် CDMA 800MHz ဖုန်းများ သတ်မှတ်အလုံးရေ ပြည့်ပြီးမှသာ GSM နှင့် WCDMA ဖုန်းများကို ချထားပေး သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ GSM နှင့် WCDMA ဖုန်းများကို စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ တယ်လီဖုန်းသိပ်သည်းဆများအား နှစ်အလိုက် တိုးချဲ့တပ် ဆင်သွားနိုင်ရေးအတွက် အကောင်အထည်ဖော်ရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတည်းအနေဖြင့် ဆောင်ရွက်ပါက အခက်အခဲရှိနိုင်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်သလို ပြည်တွင်းလုပ်ငန်းရှင်များ၊ ကုမ္ပဏီကြီးများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ CDMA 800MHz ဖုန်းများကို ၁၅၀၀ ကျပ်ဖြင့် စတင်ရောင်းချ ပေးခဲ့သကဲ့သို့ GSM နှင့် WCDMA ဖုန်းများကိုလည်း ကျပ် ၁၅၀၀ နှုန်းဖြင့်ပင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၌ မိုဘိုင်းတယ်လီဖုန်း စုစုပေါင်း ၆.၀၉ သန်းကို တပ်ဆင်အသုံးပြုလျက်ရှိပြီး CDMA 450MHz, CDMA 800 MHz, WCDMA, GSM စသည်တို့ဖြစ်ကြောင်း သိရသည်။

Credit to Internet Journal

                                   Admin - Min Thu Ra

google+

linkedin