Monday, July 8, 2013

မိုဘိုင်းလုပ်ငန်းဆိုင်ရာ တန်ဖိုးမြှင့်ဝန်ဆောင်မှုအား ပုဂ္ဂလိကကုမ္ပဏီများ ပါဝင်ဆောင်ရွက်နိုင်မည်

Post oleh : Min Thu Ra | Rilis : 9:37 AM | Series :

မိုဘိုင်းလုပ်ငန်းဆိုင်ရာ တန်ဖိုးမြှင့်ဝန်ဆောင်မှု (Value Added Service) အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ပူးပေါင်း၍ ပုဂ္ဂလိကလုပ်ငန်းများ ပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ ၀န်ဆောင်မှုအပြင် မိုဘိုင်းစနစ်များအား လည်ပတ်ထိန်းသိမ်းပြုပြင်ခြင်း၊ 
မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ခြင်း၊ မိုဘိုင်းစနစ်များ တိုးချဲ့တပ်ဆင်ခြင်း၊ မိုဘိုင်းတာဝါတိုင်များ စိုက်ထူခြင်း စသည့် လုပ်ငန်းများလည်း ပါဝင်ခဲ့သည်။ လက်ရှိ အဆိုပါလုပ်ငန်းများအား အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆယ်လူလာမိုဘိုင်းစနစ်ကို ၁၉၉၃ ခုနှစ်က AMPS စနစ်ဖြင့် စတင်အသုံးပြုခဲ့ပြီး လက်ရှိတွင် CDMA 800 MHz, 450 MHz, WCDMA, GSM စသည့် မိုဘိုင်းတယ်လီဖုန်းစနစ်များ တပ်ဆင်ထားရှိပြီး မိုဘိုင်းတယ်လီဖုန်း စုစုပေါင်း ၆.၀၉ သန်း တပ်ဆင်အသုံးပြုလျက်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာန ပြန်ကြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးချက်များအရ သိရသည်။ တယ်လီဖုန်း ခေါ်ဆိုနှုန်းထားများနှင့်ပတ်သက်၍ ကြိုတင်ငွေပေးကတ်စနစ်၊ ဘီလ်စနစ်အားလုံးအတွက် ယခင်က မြို့တွင်းခေါ်ဆိုနှုန်း ၂၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခ ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိရာမှ ယခုအခါ မြို့တွင်း၊ နယ်ဝေး တစ်ပြေးညီသတ်မှတ်နှုန်းထား ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။ ည ၁၁ မှ နံနက် ၇ နာရီအထိ အချိန်ကာလကို လက်ရှိနှုန်းထား၏ တစ်ဝက်သတ်မှတ်ကာ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် လျှော့ချကောက်ခံလျက်ရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများအပြင် အခြားလုပ်ငန်းများကိုလည်း ဖိတ်ခေါ်ထားပြီး လုပ်ငန်းအမျိုးအစား စုစုပေါင်း ၃၀ ၀န်းကျင်ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။

Credit to Internet Journal

                                       Admin = Min Thu Ra

google+

linkedin