Sunday, June 30, 2013

အနာဂတ်တွင် ထွက်ပေါ်လာမည့် Ultabook အချို့၌ ကြိုးမဲ့အားသွင်းနည်းပညာ ပါဝင်လာမည်

Post oleh : Min Thu Ra | Rilis : 5:36 AM | Series :

Intel ကုမ္ပဏီသည် အနာဂတ်တွင် ထွက်ပေါ်လာမည့် Ultabook နှင့်ဆဲလ်ဖုန်းတို့အကြား ချိတ်ဆက်မှုအတွက် Integrated Device Technology ကိုမိတ်ဆက်ကြေညာခဲ့ပြီး ၎င်းသည် အနာဂတ်တွင် ထွက်ပေါ်လာမည့် Ultrabook များ၌ ထုတ်ကုန်များကို ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်မည့် chipset များအား

တီထွင်ထုတ်လုပ်ရန်အတွက်ဖြစ်ကြောင်း သိရသည်။ Intel (WCT) ၏ Wirelss Charging Technology ဟုအမည်ရသော တီထွင်ဖန်တီးမှုသည် အားကုန်ခမ်းသွားသည့် gadget ကို WCT dection software ဖွင့်ထားပြီး WCT အသုံးပြုနိုင်သည့် Ultabook ၏ တစ်လက်မအကွာအဝေးတွင် တစ်နာရီအကြာခန့် ထားရုံဖြင့် အားအပြည့် သွင်းပေးနိုင်မည်ဖြစ်သည်။ အဆိုပါ chipset ကို ၂၀၀၃ ခုနှစ်အစောပိုင်းတွင် reference design အနေဖြင့် ထုတ်လုပ်ရန်အသင့်ရှိနေကြောင်း Intel ကုမ္ပဏီမှ ပြောကြားခဲ့သော်လည်း သုံးစွဲသူများထံ အဆိုပါနည်းပညာ ရောက်ရှိလာမည့်အချိန်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။

 Credit to Internet Journal

Admin - Min Thu Ra

google+

linkedin