Wednesday, June 26, 2013

Adobe CS6,CS5 တွေကို Crack လုပ်မယ်

Post oleh : Min Thu Ra | Rilis : 8:41 AM | Series :


 Adobe Master Collection ကို Install လုပ်ပြီး Full Version မရသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာ ဖြစ်ပါတယ်။ Full Version မရပဲနဲ့ Trial တွေပဲ ဖြစ်နေမယ်ဆိုရင် ဘယ်တော့မှ သုံးရတာ အဆင်မပြေဘူး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဒီဘလော့မှာ တော်တော်များများကို Full Version တွေပဲ တင်ပေးတာပါ။စိတ်မပူပါနဲ့ ။
ဒီ zip ဖိုင်လေးကိုပဲ ဒေါင်းလိုက်ပါ။ zip ထဲမှာ အချို့ကောင်တွေက ရိုးရှင်းပါတယ်။ ဘာလို့လဲဆိုတော့ Crack,Patch file တွေနဲ့ပဲ လုပ်သွားရတာပါ။ ဒါပေမယ့် တချို့ကတော့ အဲလိုမဟုတ်ပါဘူး။ System File(,dll) တွေထဲကို ၀င်နှိုက်ပြီး အစားထိုးရမှာပါ။ဘာပဲ ဖြစ်ဖြစ် နှစ်မျိုးလုံးရှင်းပြပေးပါမယ်။ Screen Shot မှာ ကြည့်ပါ။

                                                      >>>>>>Download Link<<<<<<


 Screen Shot

 Crack,Patch file ဖြင့် crack လုပ်ရမည့်နည်း
 ပထမဆုံး ဒေါင်းလို့ရလာတဲ့ Zip File ကို ဖွင့်လိုက်ပါ။

 ပြီးရင် အဲထဲမှာ ရှိတဲ့ Folder ကို ဖွင့်လိုက်ပါ
အဲထဲက ကိုယ်က ဘယ် Software ကို crack လုပ်မှာလဲ။ ကိုယ်လုပ်ချင်တဲ့ Software နာမည်နဲ့ zip ကို ဖွင့်လိုက်ပါ။ ဥပမာ - ကျွန်တော်က Illustrator ကို Crack လုပ်မယ်ထားပါတော့။ Illustrator ဇစ်ကို ဖွင့်လိုက်ပါ။
သူကတော့ Patch File ဆိုတော့ လုပ်ရတာလွယ်ပါတယ်။ Patch.exe ကို Right Click နှိပ်လိုက်ပါ။ အဲဒီမှာ
Alt+E ကို နှိပ်လိုက်ပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။
အဲဒီမှာ C:\Program Files\Adobe\Adobe Illustrator CS5 ထိရောက်အောင် သွားပါ။ ရောက်ရင် OK နှိပ်လိုက်ပါ။ ပြီးရင်တော့ C:\Program Files\Adobe\Adobe Illustrator CS5 ကို explorer ကနေ သွားပြီးတော့ Patch.exe ကို ဖွင့်ပြီး run လိုက်ပါ။ ဒါဆိုရင်တော့ ရသွားပါပြီ။

DLL file ၀င်ပြင်ပြီးတော့ Crack ရမည့်နည်း


ဒီတစ်ခါကတော့ တစ်မျိုး ပြောင်းသွားပါပြီ။ ဥပမာ- Photoshop ကို လုပ်မယ်ဆိုရင် amtlib.dll ကို Program file ထဲမှာ အစားထိုးရမှာပါ။ သေချာလေး ကြည့်နော်။ ဒါက နည်းနည်းလေးမှာ လွဲလို့မရဘူး။ သြော်။ ကြိုပြောထားရဦးမယ်၊ ဒါကိုကြည့်ရင်းနဲ့ လုပ်နေတဲ့သူတွေကို။ ဒီနည်းနဲ့ လုပ်ရတာက amtlib.dll ဆိုတာ ပုံသေမဟုတ်ဘူးနော်။ အဲထဲက အခြား zip တွေထဲမှာ အခြားနာမည်နဲ့ ဖိုင်ရှိသေးတယ်နော်။ ကဲ လေကြောရှည်နေတာနဲ့ ပြီးမှာမဟုတ်တော့ဘူး။ ဆက်ကြည့်လိုက်ပါဦး။ Photoshop zip ကို ဖွင့်လိုက်ပါ။
အဲဒီမှာ folder လေးတွေပေါ် ထောက်ကြည့်လိုက်။ x64 ဆိုတာက 32 bit ကို ဆိုလိုတာ။ x86 ဆိုတာက 64bit ကို ဆိုလိုတာ။ အဲဒီတော့ ကိုယ့်စက်က 32bit ဆိုရင် x64 folder ကို ဖွင့်။ 64bit ဆိုရင် x86ကို ဖွင့်။ ကျွန်တော်ကတော့ 32bit မို့လို့ x64ကို ဖွင့်လိုက်ပြီ။


 ဟော ။ အဲဒီမှာ amtlib.dll ဆိုတာလေး တွေ့ပါပြီဗျာ။ ကဲ။ ပုံစံနည်းနည်းပြောင်းမယ်။ Window Key+R(Run box) ကို နှိပ်လိုက်ပါ။Run Box ထဲမှာ C:\Program Files\Adobe\Adobe Photoshop CS5 လို့ရိုက်ထည့်လိုက်ပါ။အဲဒီ path လမ်းကြောင်းက Photoshop အတွက်ပဲ ပြောထားတာနော်။ ကဲ...။ အဲဒီ path လမ်းကြောင်းတွေကြည့်နည်းကို တစ်ခါတည်း သင်ပေးလိုက်ပါမယ်။ မသိသေးတဲ့သူတွေကိုပဲ ပြောတာနော်..။ ဟီးဟီး.....။ ဆရာကြီးတွေကို ပြောဘူးဂျ....။ ဆိုလိုတာကတော့။ (C: ကို ဖွင့်လိုက်ပါ။ ပြီးရင် Program Files ဆိုတဲ့ Folder ကို ဖွင့်လိုက်ပါဦး။ စိတ်မတိုပါနဲ့ Adobe ဆိုတဲ့ Folder လေးကို ထပ်ဖွင့်လိုက်ပါ။ ဒေါသ ထွက်နေပြီလား Adobe Photoshop CS5 ဆိုတဲ့ Folder လေးကို ဖွင့်လိုက်ရင် C:\Program Files\Adobe\Adobe Photoshop CS5 ကို ရောက်သွားပါပြီဗျ။) အဲဒီကို ရောက်သွားပြီဆိုရင် amtlib.dll ဆိုတဲ့ ဖိုင်လေးကို လိုက်ရှာပါ။ ပြီးရင် delete လုပ်လိုက်ပါ။ delete လုပ်တဲ့အခါ လူ'အ'နည်းနဲ့ ပြောရမယ်ဆိုရင် ဘာ box ကြီးပဲ ကျလာကျလာ Continue နှိပ်လိုက်ပါ။ ဟိုးထား ဟိုးထား...... delete  လုပ်ပြီးရင် အဲဒီ explorer ကို မပိတ်လိုက်နဲ့ဦးနော်။ ဒီတိုင်းလေးပဲထား။ ခုနက zip ထဲက amtlib.dll ကို ခုနက မပိတ်ခိုင်းတဲ့ ထဲကို ဆွဲထည့်လိုက်။ အဲဒီအခါမှာလည်း လူ'အ'နည်းနဲ့ ပြောရမယ်ဆိုရင် ဘာ box ကြီးပဲ ကျလာကျလာ Continue နှိပ်လိုက်ပါ။ အားလုံးပြီးသွားပါပြီ။ ပိတ်လို့ရပါပြီ။ ဒါဆိုရင်တော့ Adobe Photoshop Full Version ဖြစ်သွားပြီပေါ့ဗျာ။

                                                                                                                              Admin-Min Thu Ra















amtlib.dll

google+

linkedin

1 comments:

Tulis comments
avatar
WL
Admin
December 18, 2020 at 12:36 AM

brother, x86 = 32 bit .... x64 = 64 bit ပါ

Reply