Sunday, June 30, 2013

Samsung Galaxy Note 8.0

Post oleh : Min Thu Ra | Rilis : 5:56 AM | Series :

CPU & GPU
CPU ကတော့ Quad-core 1.6 GHz Cortex-A9 CPU ကို အသုံးပြုပေးထားတာဖြစ်တဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက် အပိုင်းတွေနဲ့ ဖုန်းတွင်းစနစ်ပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှု ရှိနေမှာဖြစ်ပါတယ်။

CPU Speed နှုန်းကောင်းမွန်တဲ့ ဖုန်းတစ်လုံးပါပဲ။ ပုံရိပ်ဖော်ဆောင်နိုင်မှု၊ ရုပ်ရှင်နဲ့ ဗီဒီယိုစနစ်တွေအပြင် အခြားဂရပ်ဖစ်ပိုင်းဆိုင်ရာ ပုံဖော်နိုင်ခြင်း ဂိမ်းများ အစရှိတဲ့ စနစ်တွေအတွက် ဂရပ်ဖစ် GPU ကတော့ Mali-400MP GPU ကို
အသုံးပြုထားတာဖြစ်ပါတယ်။

OS
OS ကတော့ Android OS ကိုအသုံးပြုထားတာဖြစ်ပြီး Version ကတော့ 4.1.2 Jelly bean ဖြစ်ပါတယ်။

Multimedia
SNS integration, TV-out (via MHL A/V link), MP4, MP3, WAV, Flac player, Organizer, Image/video editor, Document editor/viewer, Google Search, Maps, Gmail, YouTube, Calendar, Google Talk, Picasa, Voice memo/dial အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Screen
Screen Size ကတော့ 8.0 Inch ရှိပါတယ်။ Screen Pixel ကတော့ 800x1280 pixels ဖြစ်ပါတယ်။ Screen အမျိုးအစားကတော့ TFT  အမျိုးအစားပါ။

Dimension & Weight
ဖုန်းရဲ့ အရွယ်အစားကတော့ အမြင့် 210.8mm ရှိပြီး ဘေးတိုက်မျက်နှာပြင် အကျယ်အ၀န်းကတော့ 135.9mm ရှိပါတယ်။ ထုကတော့ 8mm ရှိပါတယ်။ ဒါကတော့ ဖုန်းတစ်ခုလုံးရဲ့ အကျယ်အ၀န်းနဲ့ အရွယ်အစားဖြစ်ပါတယ်။

Network
Tablet စနစ်ရော ဖုန်းစနစ်ပါ နှစ်မျိုးစလုံးကို တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ၈.၀ အရွယ်အစားဆိုတော့ ဖုန်းထက်လည်းကြီးသလို Tablet တွေထက်လည်း သေးငယ်ပါတယ်။ 2G, 3G ကွန်ရက်စနစ် နှစ်ခုစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Micro SIM အမျိုးအစားဖြစ်တဲ့အတွက် SIM Card ဖြတ်ပြီး အသုံးပြုရမှာပါ။ အင်တာနက် အသုံးပြုစနစ်တွေအနေနဲ့တော့ EDGE, GPRS အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ၀ါယာလက်အင်တာနက်စနစ်အတွက်လည်း WiFi စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Speed တွေအနေနဲ့ကတော့ HSDPA မှာဆိုရင် 21Mbps ထိရရှိနိုင်မှာဖြစ်ပြီး HSUPA အတွက်တော့ 5.76Mbps ထိရရှိနိုင်မယ်လို့ ဆိုပါတယ်။ WiFi စနစ်ကလည်း a/b/g/n စနစ်အားလုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြားစနစ်တွေအနေနဲ့တော့ Bluetooth 4.0 With A2DP စနစ်နဲ့ USB 2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Camera
ကင်မရာကတော့ 5 Mega Pixel ရှိတဲ့ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Pixel Resolution တွေအနေနဲ့ကတော့ 3264x2448 ထိအသုံးပြုနိုင်မှာဖြစ်ပြီး ကင်မရာစနစ်ပိုင်းတွေအနေနဲ့လည်း အလင်းရောင်အတွက် LED Flash, ပုံရိပ်ကို အလိုအလျောက် သိရှိနိုင်မှုအတွက် Auto Focus, Touch Screen ပေါ်မှာထောက်ပြီး အသုံးပြုနိုင်မယ့် Touch Focus, ဓါတ်ပုံရိုက်ချိန်မှာ တည်နေရာတွေကို မှတ်သားရိုက်ကူးနိုင်မယ့် Geo-tagging, ပုံရိပ်တွေရဲ့ မျက်နှာတွေကို မှတ်သားနိုင်မယ့် Face Detection အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ ဗီဒီယိုစနစ်အတွက်လည်း အသုံးပြုနိုင်မှာဖြစ်ပြီး 1.3 Megapixel ရှိတဲ့ ရှေ့ကင်မရာ ပါဝင်ပါတယ်။

Sensor &Chipset
ဖုန်းကို ခိုင်းစေတဲ့နေရာမှာ ဖုန်းရဲ့ အလိုအလျောက် သိရှိနိုင်မှုစနစ်တွေအတွက် Sensor စနစ်ပိုင်းတွေမှာလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းထားတာတွေ့ရမှာပါ။ ဖုန်းရဲ့ Screen ကို အလိုအလျောက် လှည့်ပေးနိုင်မယ့် Accelerometer Sensor ပိုမိုတိကျတဲ့ Screen လှည့်ပြောင်းခြင်းတွေကို ပြုလုပ်ပေးနိုင်မယ့် Gyro Sensor စနစ်တွေအပြင် ဖုန်းပြောနေချိန်မှာ Screen ကို အလိုအလျောက် ပိတ်ထားပေးမယ့် Proximity Sensor စနစ်၊ တည်ရပ်ညွှန်းထောင့်တွေကို တွက်ချက်ပေးနိုင်မယ့် Compass Sensor စနစ်တွေကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Chipset ကတော့ Exynos 4412 Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။

Memory
Internal Memory 16GB ပါဝင်ပြီး RAM အနေနဲ့တော့ 2GB RAM ပါဝင်ပါတယ်။ Memory ထပ်တိုးအသုံးပြုနိုင်ဖို့အတွက်လည်း Micro SD Card ကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး 64GB ထိ ထပ်တိုးအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Credit to Internet Journal

Admin - Min Thu Ra

google+

linkedin